မြေသန့်မဂ်လာပြုလုပ်ရခြင်း

31 May, 2024
Spread the love

မြေသန့် မင်္ဂလာ လုပ်ရတဲ့ အဓိက အကြောင်းအရင်း ကတော့ ရှေးတုန်းက ကိုယ်အိမ်ဆောက်မယ့်မြေက သိမ်သမုတ် ထားတဲ့မြေ (သို့) မကောင်းတဲ့ အင်း၊ အိုင်၊ ဂါထာ တွေနဲ့ စီမံထားတာ ဖြစ်နေမှာစိုးလို့… လူကြီးတွေနဲ့ ဘုန်းဘုန်းတို့ တိုင်ပင်ကာ အိမ် မဆောက်ခင် မြေသန့်မင်္ဂလာ လုပ်တဲ့ အစဉ်အလာ ကို ပြုလုပ် ခဲ့ကြပါတယ်🙏

မြေသန့် မင်္ဂလာလုပ်ချိန်မှာ သိမ်နှုတ်ကမ္မဝါ ကိုပဲရွတ်ဖတ်ခဲ့ကြသလို ခေတ်ကာလမှာတော့ ကပ်ဘေး(၃)ပါး ကျော်လွှားနိုင်အောင် ပရိတ်တရားပါ ရွတ်ဖတ်ပူဇော်ကာ မြေသန့်မင်္ဂလာကိုပြုလုပ်ကြပါတယ် …
မြေသန့်မင်္ဂလာလုပ်ခြင်းကြောင့်…

  • မကောင်းတဲ့အစီအမံ အန္တရာယ်တွေ ကိုယ့်အိမ်ပေါ်မကျ‌ရောက်ခြင်း၊

  • သိမ်မြေဖြစ်နေခဲ့ရင် သိမ်ကျွတ်ခြင်း၊

  • ကပ်ဘေးအသွယ်သွယ်လျင်မြန်စွာ ကျော်ဖြတ်နိုင်ခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။